ကွတ်ခိုင် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၅)နှစ်အောက် ကလေးများကို ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်းနှင့် ဆေးထိုးခြင်း တို့ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့ လာရောက်ပြသည့် အသက်(၅)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းတို့အပြင် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဉ်သောက်သုံးရန် ပေးအပ်ခြင်း၊ ဆစ်စလစ်ရောဂါအတွက် သွေးစစ်ပေးခြင်း၊ သက်ကြီးရွယ်အိုများ တီဘီရောဂါနှင့် ဆီးချိသွေးချိုရောဂါ ရှိ /မရှိ စစ်ဆေးခြင်း အစရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းစိန်သောင်းနှင့် တာဝန်ရှိသူများက ပြုလုပ်ဆောင်ရွက်သည်။
ကွတ်ခိုင်မြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများအပါအဝင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများကို အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းနှင့် ကျေးရွာအရောက် ကျန်းမာရေးအသိပညာဗဟုသုတပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)