ချမ်းအေးသာစံ ဇွန် ၁၅
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဥ်) စာမေးပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၁၅ ရက် နံနက်ပိုင်းက ကျင်းပသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိူးတို့ကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းအဆင့် Grade-2 မှ Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-6 မှ Grade-9 ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test (အထူးအစီအစဥ်)စာမေးပွဲကို ဇွန် ၁၅ ရက်မှ ဇွန် ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါစာမေးပွဲကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ Grade-1 မှ Grade-8 အထိစာရင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၅၅၅ ဦး၊ ဖြေဆိုကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂၈ ဦး၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၇ ဦးရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော် ဦးဆောင်ကာ ဆရာကြီး၊ ဆရာမကြီးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)