ဗီယက်နမ်နိုင်ငံ၌ သွန်းလောင်းထုလုပ်ပူဇော်အပ်သော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ပင့်ဆောင်ပူဇော်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀) ရပ်ကွက်၊ ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ(ဗီယက်နမ်)ကျောင်းတိုက်သို့ ဗီယက်နမ်-မြန်မာ သာသနာပြုလုပ်ငန်းစဉ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ်ပူဇော်အပ်သော ဉာဏ်တော် အမြင့် ၁၉ ပေ၊ အလေးချိန် ၈ တန်ရှိ ထိုင်တော်မူကြေးသွန်းဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများ ထည့်သွင်းထားသည့် ပေ ၄၀ ကုန်သေတ္တာတစ်လုံးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ထုတ်ယူပင့်ဆောင်ခဲ့ရာ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်မှ ဆရာတော် သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်ကြီးအား ဖူးမြော်ခဲ့ကြသည်။