အမြို့မြို့အနယ်နယ်သတင်းများ

နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာအုပ်စုတွင် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်ခြင်းကို ယနေ့နံနက်၁၀နာရီက အမှတ်(၅) ကျေးရွာဓမ္မရုံတွင်ဆောင်ရွက်ခဲ့ရာ အမှတ်(၅)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ ပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် မှုခင်းကျဆင်း‌ရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာ ဒေါ်တင်မြဓမ္မာရုံတွင် ယမန်နေ့နံနက် (၁၀း၃၀) နာရီက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

တောင်ငူခရိုင် အားကစားခန်းမ၌ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ခရိုင်အားကစားခန်းမ၌ တောင်ငူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် NAN HTIKE YOGA CLUB တို့ပူးပေါင်း၍ (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ဇလွန်မြို့နယ် ကမ်းထိန်းလုပ်ငန်းနှင့် တာတမံလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကမ်းထိန်းလုပ်ငန်းနှင့် တာတမံလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ဟင်္သာတခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းသည် ဇလွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြံခင်းမြို့၌ သမဝါယမအသင်းသား မိုးစပါးနှင့် မိုးမြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် သမဝါယမဦးစီးဌာန၌ သမဝါယမအသင်းသား မိုးစပါးနှင့် မိုးမြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောဆွေးနွေးပွဲကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် Placement Test (အထူးအစီအစဉ်) ရေးဖြေစာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ Placement Test (အထူးအစီအစဉ်) ရေးဖြေစာမေးပွဲကို  ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပသည်။

တန့်ယန်းမြို့နယ်တွင် Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ Placement Test (အထူးအစီအစဉ်) စာမေးပွဲအား ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုကြသည်။

ကလောမြို့နယ်၌ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသားများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘုရားပျို‌ကျေးရွာ၌ ဇွန်လ ၁၃ ရက်နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အတွင်း မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသား တောင်သူများအား တာဝန်ရှိသူများက သွင်းအားစု ထောက်ပံ့ပေးအပ်ခဲ့သည်။

ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရွေးချယ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရွေးချယ်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နေ့နံနက်(၉)နာရီအချိန်က ဂန့်ဂေါမြို့ မြစ်သာခန်းမတွင် ကျင်းပပြုလုပ်သည်။

ကံမမြို့၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး ကြွပ်ကြွပ်အိတ်အစားထိုး စက္ကူအိတ်များ အခမဲ့ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး စက္ကူအိတ်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ