မိုင်းဖုန်းဆရာတော် မိုးနဲမြို့သို့ကြွရောက်အပူဇော်ခံ တရားရေအေး တိုက်ကျွေး
အရညဝါသီ တောရ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရနှင့် သံဃာတော်များသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မိုးနဲမြို့ နာဟောင်ရပ်ကွက် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိအပူဇော်ခံခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ပြည်သူများက ခရီးဦး ကြိုဆိုခဲ့ကြသည်။