အမြို့မြို့အနယ်နယ်သတင်းများ

သင်္ဃန်းကျွန်းခရိုင် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားအား သင်္ဃန်းကျွန်းခရိုင် ဦးဘဟန်လမ်း သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ဇွန် ၁၆ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် အ.မ.က-‌‌အောင်မင်္ဂလာ(၁)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၆ ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ အ.မ.က-‌အောင်မင်္ဂလာ(၁)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

သန်လျင်လူငယ်သင်တန်းကျောင်းသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များသည် ဇွန်လ ၁၆ ရက်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ သန်လျင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံခြင်း၊ ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကျောက်တံခါးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကွင်းတောင်ရပ်ကွက်၊ စဉ့်အိုးလှ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဇွန်လ ၁၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ပြည်နယ်အဆင့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ ညှိနှိုင်း

ရခိုင်ပြည်နယ်အဆင့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းသည်။

ထန်းတပင်မြို့နယ်၌ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ (၅၃၁) ဧကကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဧက (၁၀၀) ကို ထပ်မံ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း အရည်အသွေးကောင်းမွန်သောစံပြကွက်များ ဖြစ်စေရေးအတွက် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကများအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိမြို့နယ်အတွင်း စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဧက (၅၃၁) ဧကကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ရေတွင်းကုန်းကျေးရွာတွင် လယ်ယာမြေဧက (၁၀၀) ကိုထပ်မံ၍ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ​ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

မီးရထားလမ်း ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးနှင့် အထူးအမြန်ရထားပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မီးရထားလမ်း (သာယာဝတီ-ပြည်)လမ်းပိုင်း ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးနှင့် အထူးအမြန်ရထားပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။

တာမွေမြို့နယ်၌ လူမှုပြောဆိုဆက်ဆံနည်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ရက် (၁၀၀) စီမံချက်ဖြင့် စီစဉ်ကျင်းပသော မူးယစ်ဆေးဖြတ်သင်တန်းသားများအား လူနေမှုဘဝ နယ်ပယ်အသီးသီးတွင် ပြောဆိုဆက်ဆံနည်းများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် အ.ထ.က(၃)ကျောင်းတွင် လူငယ်စကားဝိုင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ​​ကျောင်းသားအရွယ်မှ စတင်ကာ အသိပညာဗဟုသုတများရရှိစေပြီး အတွေးအခေါ်များရင့်သန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီက ​ဖြူးမြို့အမှတ်(၃) အခြေခံပညာအထက်တန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓာတ်မြေဩဇာများထောက်ပံ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဦးစီးမှူးရုံးက ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်း၊စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓါတ်မြေဩဇာများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ