အမြို့မြို့အနယ်နယ်သတင်းများ

ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများသွားလာရေး အဆင်ပြေစေရန် စက်ဘီးနှင့် အခြားပစ္စည်းများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကျောင်းအတွက် အထောက်အကူဖြစ်စေရန်အတွက် စက်ဘီး (270000) တန် (၁၀) စီး၊ Brodu 8”Bluetooth box (310000)တန် (၂)လုံးနှင့် ကျောင်းခန်းမတွင်အသုံးပြုရန် WallFan (120000) တန် (၂) လုံး၊ စုစုပေါင်းတန်ဖိုးငွေ(3560000)ကျပ်တိတိအား ရန်ကုန်တိုင်း‌ဒေသကြီး၊ ၊လမ်းမတော်မြို့နယ် Petrowax Co;ted၊ Director ဒေါ်ခင်စန္ဒာဝင်းမှ မိသားစုမှ ယမန်နေ့ ကလာရောက်လှူဒါန်းခဲ့သည်။

မိုင်းခတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟော‌ပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၆ ခုနှစ်‌ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပြည်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းအဆင့် (၁)နှင့် အုတ်စီအဆင့် (၁) သင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းအဆင့် (၁)နှင့် အုတ်စီအဆင့်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့ ဇီးအုပ်တောင်သူလယ်သမားသင်‌တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်တံခါးမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပျံ့နှံ့မှုပပျောက်နှိမ်နင်းရေးအတွက် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ငှက်ဖျားရောဂါ ကူးစက်ပျံ့နှံ့မှုပပျောက်နှိမ်နင်းရေးအတွက် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့က တောကျွဲအင်းကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

တနိုင်းမြို့နယ်တွင် စျေးမီးဘေးလုံခြုံစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသပွဲဆောင်ရွက်

တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် စျေးမီးဘေးလုံခြုံစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းလုပ်ငန်းများကို နေ့လယ် ၁၂ နာရီတွင် မြို့မစျေးကြီးအတွင်းနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပ​ဆောင်ရွက်သည်။

သံဖြူဇရပ်မြို့နယ်၊ အမှတ် (၁) မြို့မဈေး၌ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဈေးကွက်ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အမှတ် (၁) မြို့မဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများအနက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် တားမြစ်ဓာတုပစ္စည်းပါဝင်သော စားသောက်ကုန် ပစ္စည်းများအား အများပြည်သူသိရှိစေရန် အသိပညာပေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သည့် မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများအား ဘုတ်အဖွဲ့ဖွဲ့စည်း၍ မီးရှို့ဖျက်စီးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘားအံပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

လှည်းကူးမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေ

ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ပိုမိုသိရှိစေရန်အတွက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ လှည်းကူးမြို့မဈေးနှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) သို့ သွားရောက်ကာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ