လသာမြို့နယ်၌ သွေးတိုး၊ ဆီးချိုလူနာများအား အပတ်စဉ်ကြည့်ရှုကုသပေး

လသာ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယ‌နေ့နံနက်ပိုင်းအချိန်က အပတ်စဉ် သွေးတိုးနှင့်ဆီးချိုရောဂါလူနာများအား ကျန်းမာရေး စစ်ဆေးကြည့်ရှုကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် လူနာများ၏ ကိုယ်လက်လှုပ်ရှားမှုတိုးတက်စေရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ Chair Exercises များ ပြုလုပ်စေခဲ့ပြီး တီဘီရောဂါနှင့် အနာကြီးရောဂါစစ်ဆေးရှာဖွေခြင်း (Screening) လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

အလားတူ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် ကူးစက်ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)