အမြို့မြို့အနယ်နယ်သတင်းများ

မြင်းခြံမြို့၌ (၄၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝန်းအတွင်း၌ (၄၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၉ ရက်က လောင်းလှူခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့  မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ပြုလုပ်သည်။

မြိတ်တက္ကသိုလ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲ ကျင်းပ

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဈေးရောင်းပွဲတော်ကို တက္ကသိုလ်ရင်ပြင်တွင် ကျင်းပသည်။

ကျောက်ဆည်မြို့နယ်၌  အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး

မန္တလေးတိုင်းသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဗီတာမင်အေဆေးများတိုက်ကျွေးကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီက မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကျင်းပ

‎မန္တလေးတက္ကသိုလ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းပိုင်း‌က ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့၌ (၆၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် (၆၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်က မြို့နယ်လုံးဆိုင်ရာ ဓမ္မဘိမ္မာန်တော်ကြီးတွင် ပြုလုပ်သည်။

မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး စိုက်ဧက ၈၀၀ စိုက်ပျိုးသွားမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲကျင်းပ

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်က ဘားအံမြို့  ပြည်နယ်လူငယ်စင်တာ ခန်းမအတွင်း၌ ကျင်းပသည်။

လပွတ္တာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ပါ မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက် စိန်ရတုလမ်း နေသူရိန်အားကစားကွင်းရှေ့၌ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက်(၅)ရပ်ပါမြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ကော့သောင်းပြည်သူ့ဆေးရုံကြီး၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးစစ်ဆေးပေး

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်နှင့်ခရိုင်၊ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီးများတွင်  ကျန်းမာရေးစစ်ဆေးမှု (Medical Check up) ခံယူမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးအခြေအနေများကို စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ