အမြို့မြို့အနယ်နယ်သတင်းများ

ဟိုပုံးမြို့နယ်၌ (ပဉ္စမအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတတိယနေ့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၇၀၀) ကျော် ဖြေဆို၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိရာ အလှူရှင်များကလည်း လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများလာရောက်လှူဒါန်းပေးလျက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့သည် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ (၂၃) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ဟိုတယ်ဇုန်ရှိ Inle Garden Hotel သို့ရောက်ရှိပြီး အင်းလေးဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဟားခါးမြို့တွင် တောင်သူများအတွက် ဆောင်းသီးနှံကြက်သွန်နီ (ရွှေဖလား) မျိုးစေ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံနိုင်ရေးအတွက် ရည်ရွယ်၍ ဟားခါးမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအတွက် ဆောင်းသီးနှံကြက်သွန်နီ (ရွှေဖလား) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးခရိုင်စုပေါင်းရုံး ချယ်ရီခန်းမဆောင်၌ ကျင်းပသည်။

တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းနှစ်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ မကျီးပင်ကျေးရွ ာအခြေခံပညာအထက်တန်းကျောင်းများတွင် စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ အဆိုပါကျောင်းများတွင် ကျင်းပခဲ့သည်။

ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လေ့လာလည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ်ဝင်ရောက်လာစေရေး၊ ဒေသတွင်း ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၀/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

လာမည့်ရွေးကောက်ပွဲတွင် မဲပေးမှုမဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများမဲပေးနိုင်မှု မဆုံးရှုံးစေရေးအတွက် အမရပူရမြို့နယ်လဝကမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က အမရပူရမြို့နယ် မကျီးကိုင်းကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်အုပ်စု၊ သာဒီကွင်းအလယ်တန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေရေးအဖွဲ့မှ တီဘီရောဂေါရှာဖွေခြင်းလုပ်ငန်းနှင့် အခမဲ့ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေရေးအဖွဲ့မှ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် အခမဲ့ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)အမှတ် ၁ စာသင်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ မကူးစက်နိုင်သောရောဂါများ (နှလုံး၊ ဆီးချို၊ သွေးတိုး၊ နာတာရှည်အဆုတ်) ရောဂါနှင့်ပတ်သက်သည့် NCD clinic လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ကာကွယ်ဆေးထိုးလုပ်ငန်းများလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန်နှင့် မကူးစက်နှင့် ကူးစက်တတ်သောရောဂါများဖြစ်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ညောင်လေးပင်မြို့ ဝါးရုံကုန်းကျေးရွာအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ၂၀၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီး စုပေါင်းမဟာဘုံကထိန်ပွဲကို အားလုံးပူးပေါင်းပါဝင်၍ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ MSME ဈေးရောင်းပွဲတော်များ ကျင်းပနိုင်ရေး မီးရှူး မီးပန်းများ ပစ်လွှတ်နိုင်ရေးနှင့် မီးပုံးပျံများ လွှတ်တင်နိုင်ရေးတို့အတွက်လည်း လုပ်ငန်းကော်မတီဝင်များအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ