မြင်းခြံ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က-၃ ကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်း အောင်ဇေယျခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမြက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးအောင်ကျော်မင်းက မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲခြင်းဖြင့် ရရှိမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်း၊ မြင်းခြံ မြို့မရဲစခန်းမှူး ဦးအောင်သန်းဇော်က မူးယစ်းဆေးဝါး သုံးစွဲခြင်းနှင့် ရောင်းဝယ်မှုတို့ကြောင့် အရေးယူခံနိုင်ရသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သုတ/ရသ စာအုပ် စာစောင်များနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အားပြသခဲ့ရာ အ-ထ-က-၃ ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ဦး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)