ဖြူးမြို့ပေါ်ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့ပေါ်အခြေခံပညာကျောင်းများရှိ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။