အမြို့မြို့အနယ်နယ်သတင်းများ

ပင်လုံမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ယမန်နေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အောင်လံမြို့၌ ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် "မြန်မာအမျိုးသမီးများနေ့" ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အထက-၃ (ရွာထောင်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစိုတင်း  (၁၃၀) ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဂျိုရွာကျေးရွာ ဂျိုရွာစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသင်းသားတောင်သူ ဦးဇော်မျိုးထွန်း၏ နွေစပါးစံပြကွက် (၁၀)ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့်ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် စပါးအစိုတင်း  ၁၃၀ ထွက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ရှိ ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့‌ နံနက်၉နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ကျောက်ဖြူမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေ လေ့လာဖတ်ရှုနိုင်ရန် Mobile Library ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများ လေ့လာဖတ်ရှုနိုင်ရန်အတွက် Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ငလပွေ့အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးရာသီ သီးနှံမျိုးစုံ  ၁၅၅,၁၅၄ ဧကကျော် လျာထားစိုက်ပျိုးမည်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်  စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများကို  စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့်   မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ၁၅၅,၁၅၄ ဧက ကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ