ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရသေ့တောင်မြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့ အ-မ-က (မူလွန်) မက်မွန်လောင်းကျောင်းတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခိုလမ်မြို့ အခြေခံပညာမူလွန်ကျောင်းတွင် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်(Community Center)ခန်းမ၌စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ရုံးဝန်ထမ်းများ လုပ်ငန်းအရည်အသွေးတိုးတက်စေရန်၊ စာကြည့်တိုက်လုပ်ငန်းများပိုမိုသိရှိနားလည်လာစေပြီး ဝန်ဆောင်မှုလုပ်ငန်းများ မြန်ဆန်လာစေရန် ရည်ရွယ်လျှက်စာကြည့်တိုက်လုပ်ငန်းစီမံခန်းခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပန်​မြို့နယ်၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေ​ရန်၊ စာပေဖတ်ရှု့လေ့လာသူ ပိုမိုတိုးပွားစေရန်နှင့် ကျောင်းသား/သူများအား စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများရရှိနိုင်စေရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီက ဟိုပန်​မြို့နယ်၊ မန်ကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းယုမြို့၌ “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး (Talk Show) ဆွေးနွေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူ၊ ဉာဏ်ရည်မမီသူ၊ မျက်စိမမြင်သူနှင့် နားမကြားသူများအတွက် စိတ်ဓာတ်မြှင့်တင်ရေးနှင့် ဂုဏ်သိက္ခာမြင့်မားစေရေး ရည်ရွယ်ချက်ဖြင့် “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမမှာ ကျင်းပပြုလုပ် ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုမှန်ကန်ရေး အသိပညာပေး Talk Show ပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုမှန်ကန်ရေး အသိပညာပေးTalk Show ဆွေး နွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “ရာသီဥတုပြောင်းလဲမှု” အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာမောင်မြင့်ကြွယ် ဘာသာပြန်ရေးသားထားသော “အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့်​​ စာအုပ်စာစောင်များငှားရမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၁)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ “အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ