ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ

ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၁ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် “ဓာတုပိုးသတ်ဆေး အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည်။

ကာလိမြို့၌ လျှပ်စစ်အန္တရာယ်ဆိုင်ရာအသိပညာပေး (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ ပူးပေါင်းပြီး လျှပ်စစ်အန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၉)နာရီအချိန် ကလူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများတွင် သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။

အသိပညာဗဟုသုတလေ့လာနိုင်ရန် mobile စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေဖတ်ရှုမှု မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတလေ့လာနိုင်စေရန်အတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် စာအုပ်စာစောင် ငှားရမ်းသည်။

ဘားအံခရိုင် Community Centre ခန်းမတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုဆိုင်ရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ(၁:၀၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဦးမင်းနောင်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးကျော့ခိုင်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ (အတွင်းရေးမှူး) ဒေါ်နန်းမြင့်တင်တို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံ (ကလေးကစားကွင်း) တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်၊ စာငှားသူများအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားလာစေရေး အတွက် ယနေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ဂွမြို့ Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show)ကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆဒုံးမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “အောင်မြင်ဖို့အချိန်” စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်၊၊

ပေါင်းတည်မြို့နယ် အ.လ.က ကြူတောကန်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အ.လ.က ကြူတောကန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ