ဂွမြို့ Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ

ဂွ   ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊  ဂွမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  လူမှုဝန်ထမ်းဦးစီးဌာနတို့  ပူးပေါင်း၍  မသန်စွမ်းသူများနှင့်ပတ်သက်၍  အသိပညာပေး  (Talk Show)ကို  ယမန်နေ့ညနေပိုင်းက လူထုအခြေပြု ဗဟိုဌာန၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က သက်ငယ် မသန်စွမ်းကျောင်းဖွင့်လှစ်ထားရခြင်း ရည်ရွယ်ချက်၊ သင်တန်းသား လက်ခံသည့် ကလေးအမျိုးအစား၊ ကျွေးမွေးစောင့်ရှောက်မှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများ၊ လေ့ကျင့်သင်ကြားပေးမှုများ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားဆောင်ရွက်ပေးမှုများနှင့် အားကစားနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမှု အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်