မက်မန်း ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ စာပေများမှတစ်ဆင့် ဗဟုသုတရှာမှီးရရှိစေရန်၊ မြန်မာစာ၊ မြန်မာစကားအသုံးအနှုန်းများကို မှန်ကန်စွာ ပြောဆိုတတ်စေရန် ရည်ရွယ် ၍ စာရေးဆရာ ကျွန်းစဉ်မြေ စောခက်၏ “သမုဒ္ဒရာထဲက ရေချိုတွင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင် ရွက်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအနေဖြင့် စာဖတ်သည့်အလေ့အထများ ရရှိလာပါကြောင်း၊ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာများ တိုးတက်လာပါကြောင်း ဦးစွာရှင်းလင်းဆွေးနွေးသည်။ ထို့နောက် လူငယ်စာဖတ် ဝါသနာရှင် မောင်ထက်သူနိုင်က “ငယ်သူတို့နှလုံးသား” ဆောင်းပါးအားလည်ကောင်း၊ မောင်မင်းသန့် မောင်က “ဒဏ်ရာများနှင့်လပြည့်ည” ဆောင်းပါးအားလည်ကောင်း၊ မောင်အိုက်ကျင်က “ကောင်းကျိုး ကိုယ်၌ တည်စေမင်း” ဆောင်းပါးအားလည်းကောင်း၊ မအေးညွန့်က “ပြေလမ်းပေါ်က အားမာန်” ဆောင်ပါးအားလည်းကောင်း၊ မအီခေါင်က “ဘဝပင်လည် ရေပင်လည်” ဆောင်းပါးအားလည်းကောင်း အသီးသီးဝိုင်းဝန်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များကလည်း အပြန် အလှန် ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင် (၅၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)