ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

နောင်ချိုမြို့နယ်တွင် Mobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင် များငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ကုန်တင်ကုန်ချသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို ယနေ့ မွန်းလွဲ ၂နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ဌားရမ်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်နှုန်းတိုးတက်စေရန်အတွက် စာပေကို ချစ်မြတ်နိုးသောဝန်ထမ်းများ စာအုပ်စာပေ အလွယ်တကူဖတ်ရှုနိုင်စေရန်အတွက် မြို့နယ် စီမံကိန်းရုံးသို့သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မိုင်းငေါ့မြို့တွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ အသိပညာဗဟုသုတရှာဖွေရန် ပြည်သူစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ‌က‌လေးငယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်၍ စာအုပ်စာ‌စောင်များလေ့လာဖတ် ရှုငှားရမ်းကြ‌ကြောင်း သိရသည်။၊

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၏လိုအပ်ချက်များနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါအဆောက်အဦ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘားအံခရိုင်  Community Centre  ခန်းမတွင်  အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးအကြမ်းဖက်မှုပပျောက်‌ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ မွန်းလွဲ  ၂နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စာကြည့်တိုက်များ ကြီးကြပ် ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာ နိုင်စေရန်၊ စာပေဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးနှင့် တောင်ငူခရိုင် အိုးအိမ်ဦးစီးဌာန ပြည်တော်သာ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် အလုပ်နှင့်ဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ယနေ့ခေတ်လူငယ်လူရွယ်များ အလုပ်ကိုဘဝအတွက် အရင်းအနှီးကောင်း၊ ဘဝတိုးတက်မှုအတွက် အင်အားကောင်းအဖြစ် သတ်မှတ်ယုံကြည်ကာ ဘဝကိုအလုပ်ဖြင့် တည်ဆောက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာဒေါက်တာမတင်ဝင်း ရေးသားသည့် အလုပ်နှင့်ဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌  ကျောင်းသား လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးပြီးလာရောက်သည့် လူငယ်လူရွယ်များအား ကာယဉာဏဖွံ့ဖြိုး တိုးတက် စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို ယ‌မန်နေ့က ဆောင်ရွက်ပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ပညာတံခွန်ကိုယ်ပိုင်အထက်တန်း အဆင့်သင်ကျောင်းတွင် ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ