ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ လက်ရက်ကန်းပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့  နေ့လည်ပိုင်းက လက်ရက်ကန်းပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကို ပြုလုပ်သည်။

လူထုအ​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး(Talk-Show)ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (talk- Show)ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မော်လမြိုင်ခရိုင်(Community Centre)၌ နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲကျင်းပ

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစားသင်တန်းဖြစ်သည့် အေရိုးဗစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ် သည်။

မိုင်းခုတ်မြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌  ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက အလယ်တန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်း တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့၌ မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မိုက်ခရိုပလတ်စ တစ်ညစ်ညမ်းမှုနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်အကြောင်း  အသိပညာပေး Talk Show ပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမအတွင်း  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ Talk Show ကျင်းပခဲ့သည်။

ကျိုင်းတောင်းမြို့ရှိ စာငှားစာဖတ် ပရိသတ်များမှ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားလျက်ရှိရာ ကျိုင်းတောင်းမြို့ရှိ စာငှားစာဖတ်ပရိသတ်များက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က ချစ်နိုင်(စိတ်ပညာ) ရေး သားသော “တန်ဖိုးရှိလှလူငယ်ဘဝ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မသန်စွမ်းသူများဆိုင်ရာ  အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ