နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “ယဉ်ကျေးမှုများကို တိုးတိုက်မိခြင်း” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။