ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းယောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌ပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ညနေ (၃)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ခိုလမ်မြို့ရုံး၊ (Community Centre) ခန်းမ၌ ရေကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရေကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွည်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် (၁၂) နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်မြို့ရုံး၊ Community Centre ခန်းမ၌ ‌လူငယ်နှင့်စာ‌‌ပေအကြောင်း အသိပညာပေး(Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး (Talk Show) ကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွည်၍ ယနေ့မွန်းလွဲပိုင်း (၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအင်္ဂလိပ်စာ အခြေခံသင်တန်း အခမဲ့ဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် အင်္ဂလိပ်စာပညာရပ်အား စိတ်ပါဝင်စားပြီး အခြေခံမှစ၍ လေ့လာသင်ယူပြီး ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊(Community-Centre)ခန်းမ၌  ပြုလုပ်သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံ English Speaking သင်တန်းဖွင့်လှစ်

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း လူငယ်များ အသိပညာဗဟုတတိုးပွားပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထက်တန်း၊ အလယ်တန်းအဆင့် အခြေခံ English Speaking သင်တန်းကို ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာ စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ပန်းချီပညာရှင်တို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန ၌ ယနေ့နံနက် ၉ နာရီ က နွေရာသီ အခြေခံပန်းချီ သင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ