ကော့သောင်းမြို့၌ မဲစာရင်းကပ်ထားမှုများနှင့် ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်း၌ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းကပ်ထားမှုကြေညာထားရှိမှုများ၊ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ လိုက်လံကြည့်ရှုခဲ့ကြသည်။