ကော့သောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ဌာနဆိုင်ရာဝန်ထမ်းများ ပေါင်းစပ်၍ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။