တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့် 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာ ပေးခြင်းကို ဩဂုတ် ၃၁ ရက် က ကပကျေးရွာအုပ်စု၊ ကပ‌ကျေးရွာ၊ မရမ်း‌ချောင်းကျေးရွာနှင့် ကတန်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။

ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရတနာကျွန်းတွင် ပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘွဲ့ယူသုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဗလငါးတန်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဘွဲ့ယူသုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ကျင်းပရာ ဦးစွာ ဆရာ/မများက "ပညာရိပ်မြုံ ထားဝယ်တက္ကသိုလ်"သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ခရမ်းကြွပ်သီးများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍  စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက် မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းကြွပ်သီးများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ စက်တင်ဘာ ၇ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ကျင်းပသည်။

ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

စာဖတ်ခြင်းဖြင့် သင့်ဘဝ၏ အတွေးအခေါ်များကို မြှင့်တင်ပါ၊ ပြန်လည်မျှဝေပေးပါ၊ တစ်ဦးနှင့်တစ်ဦး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးအသုံးချတတ်စေရန် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် လမ်းဖောက်သူဖြစ်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့နေ့လယ် ၁ နာရီက ပလောက်မြို ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး