တနင်္သာရီတိုင်းဒေသကြီး

ကျွန်းစုမြို့ နယ်အတွင်း ကာကွယ်ဆေးတိုက်ကျွေးနိုင်ရေး အသိပညာပေးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မား‌စေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်း‌သည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းကို  ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

မြိတ်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်  လက်မှတ်ရေးထိုး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် နေရောင်ခြည်စွမ်းအင်သုံး ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း စီမံကိန်းနှင့်စပ်လျဉ်း၍ တည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုသည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များပါဝင်သည့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။

ကော့သောင်းမြို့၌ ရွာသာယာကျေးရွာ၊ခေတ်မီစံပြကျေးရွာ (Smart  Village) စီမံကိန်းထူထောင်ရေး အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ‌ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ပုလုံးတုံတုံးကျေးရွာအုပ်စု ရွာသာယာကျေးရွာ၌ ၂၀၂၅-၂၀၂၆ဘ‌ဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေး စီမံကိန်းအတွက် ရွာသာယာကျေးရွာတွင် ဇန်နဝါရီ၂၄ရက် နံနက်ပိုင်းက သက်ဆိုင် ရာဌာနများမှ ကဏ္ဍအလိုက်အသိပညာပေးဟောပြောသည်။

တနင်္သာရီမြို့နယ်၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နေ့ထူး၊ နေ့မြတ်၊ နေ့ရက်များကို အစဉ်အမြဲသတိရနေစေရန်ရည်ရွယ်၍၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက အောက်ကင်း အရှေ့ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့နယ်၌ လျှပ်စစ်ဝါယာ‌ကြိုး ရှော့ဖြစ်၍ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ ကျွန်းစုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခွာညိုလမ်းသွယ်ရှိ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၆) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၆)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆ )ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းကို ဇန်နဝါရီလ ၂၆ရက်  နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ပုလောမြို့နယ် ပလောက်မြို့ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက် နံနက် ၆ နာရီ၌ မဲရုံးအသီးသီးအား စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက အမှတ် (၁) ရပ်ကွက်၊ မဲရုံအမှတ် (၁) တွင် လာရောက်မဲပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပုလောမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

ပုလောမြို့နယ်၌ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို ယနေ့နံနက် ၆ နာရီမှ စတင်ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ မဲဆန္ဒနယ်မြေအသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး