တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ထားဝယ်ရိုးရာမုန့်ချိုပြုလုပ်နည်းသင်တန်းဖွင့် 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံအမျိုးသမီးငယ်များအား ရိုးရာလက်လုပ်မုန့်ပညာများ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ​ရန်ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့်ထားဝယ်ရိုးရာမုန့်ချိုပြုလုပ်နည်းသင်တန်းဖွင့်လှစ်သင်ကြားသည်။

ကျွန်းစုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် ဖျော်‌ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌  မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် ဖျော်‌ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဖြူမြို့တွင် (၂၁)ကြိမ်မြောက် မဟာသင်္ကြန်(၁၀)ရက်တရားစခန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် (၂၁)ကြိမ်မြောက်မဟာသင်္ကြန်ဝိပဿနာ (၁၀)ရက်တရားစခန်းကို‌ ရေဖြူမြို့၊ ဓမ္မမာမကကျောင်းတွင် ဧပြီ(၇)ရက်မှ (၁၆)ရက်အထိ ၁၀ ရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပ

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း(၂၈)ဦးနှင့် လေ့လာသူ ၃ ဦး၊ မီဒီယာ ၃ဦးတို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်သည်။

ကရသူရိမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ရေကစားမဏ္ဍပ်များ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်၍ ပျော်ရွှင်စွာ ရေကစားနိုင်ရေး ရေကစားမများကို မြို့ပေါ်ရပ်ကွက်များ၌ ဧပြီလ ၉ ရက်နေ့မှ စ၍ ဆောက်လုပ်လျက်ရှိသည်။

သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်နိုင်‌စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊‌ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်များ၊ ဈေးဆိုင်များအား တစ်အိမ်တက်တစ်အိမ်ဆင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်နိုင်‌စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊‌ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်များ၊ ဈေးဆိုင်များအား တစ်အိမ်တက်တစ်အိမ်ဆင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက စလွန်အော်ကျေးရွာ အ.မ.က(မူလွန်)ကျောင်းခန်းမ၌ ကျင်းပသည်။

ခမောက်ကြီးမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်စေရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်၍ ယမန်နေ့က ခမောက်ကြီးမြို့၌ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Sticker  များကပ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်(191) Sticker များဖြန့်‌‌ဝေ‌ပေးခြင်းကို ယနေ့ နံနက်(၇)နာရီခွဲက မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များအနီးနှင့်‌ဈေးလမ်းဆုံများ၌ ဆောင်ရွက်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး