မြိတ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေး မရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန် မဲစာရင်းကြေညာ
တနင်္သရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်များမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒနယ်အသီးသီးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ(၃၀)ရက်မှ စတင်၍ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို သွားရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။