တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဇွန်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်ပြပွဲများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဆယ်မိုင်)ကျောင်း၊ ယမန်နေ့နေ့လယ်ပိုင်းက မူလွန်တာညုံပါဒကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၌ Gender/CEDAWနှင့် NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်က Gender/CEDAW နှင့် NSPAW ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌၊ စာပေချစ်မြတ်နိုးသူများအသင်း( Book Club )အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ပူးပေါင်း၍  လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

 တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က(ဆယ်မိုင်)ကျောင်း၊ ယမန်နေ့နေ့လယ်ပိုင်းက မူလွန်တာညုံပါဒကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယ‌‌နေ့မေလ (၁၃)ရက်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျွန်းစုမြို့၌ ဆောင်ရွက်

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (World Day Against Child Labor) ကို နှစ်စဉ် ဇွန်လ ၁၂ ရက် တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ သတ်မှတ်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ ကလေးများ၏ အခွင့်အရေးကို ကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက်  အသိပညာပေးခြင်းလုပ်ငန်းများ  ဆောင်ရွက်သည်။

ကျွန်းစုမြို့တွင် လယ်ဧက ၄၃၀ အတွက် သွင်းအားစု ပံ့ပိုးငွေကျပ် သိန်း ၈၆၀ နှင့်ညီမျှသော မျိုးစပါး/ သွင်းအားစုများ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍမှ  မြို့နယ်အတွင်းရှိ လယ်ဧက ၄၃၀ အတွက် သွင်းအားစုဖိုး ပံ့ပိုးငွေကျပ် သိန်း ၈၆၀ နှင့် ညီမျှသော မျိုးစပါး/သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖြန်းခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌၊ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌  ဇွန်လ ၁၃ ရက်နေ့ နံနက်က ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး