သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၌ Gender/CEDAWနှင့် NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

သရက်ချောင်း ဇွန် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်က Gender/CEDAW နှင့် NSPAW ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးကျော်ဇင်က တက်‌ရောက်လာသူများအား အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က ကျေးလက်ဒေသ အမျိုးသမီးများအလုပ်အခွင့်အရေးများပိုမိုရရှိစေရေးနှင့် အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိနိုင်စေရေးအသက်မွှေးပညာဖွင့်လှစ်ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ်ဥပဒေအရာရှိ ဦးအောင်မြင့်မြတ်ဦးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရလျှင် အရေးယူနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များနှင့် ဥပဒေများအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီးသရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက CEDARW ဆိုင်ရာအကြောင်းနှင့် နောက်ခံအချက်အလက်များ၊ ကျား/မရေးရာ အား ကဏ္ဍစုံတွင်ထည့်သွင်းစဉ်းစားရာတွင် ပါဝင်သည့်အကြောင်းအရာများ၊ Gender Mainstreaming အကောင်ထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းလမ်းများ၊ အမျိုးသမီးများ အပေါ်အခြေခံမည့် အဓိကလုပ်ငန်းနယ်ပယ်များနှင့် ရည်ရွယ်ချက်များ၊ အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် အရေးပေါ်အခြေအနေများ၊ အာဆီယံအမျိုးသမီးရေးရာလုပ်ငန်းများ၊  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာဆောင်ရွက်မှု၊ ကျား/မအခြေပြုအကြမ်းဖက်ခံရသူများသို့ ဝန်ဆောင်မှုများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုနှင့် အမျိုးသမီးဆိုင်ရာအခွင့်အ​ရေးနှင့်ပတ်သက်၍ မိမိတို့ဌာနမှပူး​ပေါင်းဆောင်ရွက်ရမှုအခြေအနေနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)