သရက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ အသိပညာပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးရှင်လင်းခြင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အနော်ရထာခန်းမတွင် ပြုလုပ်သည်။