မကွေး နိုဝင်ဘာ ၂၃
မကွေးမြို့၌ မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပွားစေရေးအတွက်မကွေး မြို့နယ် အောင်စေတနာရပ်ကွက်ရှိ Atom Core Siter မှပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများအား နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းက မကွေးခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင်ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ် နည်းများအား လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးလုံခြုံရေးအတွက်ထားရှိသည့် မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများအား ဝန်ထမ်းများက ကောင်းမွန်စွာအသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းများအား မီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် လက်တွေ့ကိုင်တွယ် အသုံးပြုတတ်စေရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)