နတ်မောက်မြို့၌ စာပေချစ်သူများဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ မောင်မောင်မြင့်သိန်းရေးသားသည့် “ ကောင်းမွန်သော” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။