နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လည်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။