ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဥ်ဆက်မပြတ်လေ့လာသင်ယူစေရေးအတွက်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။