ပခုက္ကူမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဖျော်ဖြေနိုင်ရေး ယိမ်းအဖွဲ့များအလိုက် ကြိုတင်လေ့ကျင့်ဆောင်ရွက်
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဟာသင်္ကြန်ပွဲတော်အတွင်း ပါဝင်ဖျော်ဖြေနိုင်ရေး ဌာနဆိုင်ရာအလိုက်၊ ကျောင်းအလိုက်ယိမ်းအဖွဲ့များက ကြိုတင်လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။