မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်၌ စားနပ်ရိက္ခာဖူလုံစေရန် မိုးစပါးသီးနှံ ဧက ခုနှစ်သောင်းကျော် စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ ၇၀၀၀၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

မြို့သစ်မြို့နယ်အတွင်း၌ စိုက်ပျိုးထားသည့်မိုးစပါးများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး (၆၄၂၀၁) ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ငဖဲမြို့မဈေးမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဈေးဆိုင်များကိုကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီး သုံးစွဲခြင်းကြောင့် မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန် ရည်ရွယ်ပြီး ငဖဲမြို့မဈေးရှိ ဈေးဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူ များ ပူးပေါင်း၍ ငဖဲမြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့နယ် ပညာရေးဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာအုပ်စု၊ ရာကျော်ခုံကျေးရွာ၊ အောင်ချမ်းသာကျောင်းတိုက်၌ ပုရိမဝါမ ထမြောက်အောင်မြင်တော်မူကြကုန်သော ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား မြို့နယ်ပညာရေး ဝန်ထမ်းမိသားစုများစုပေါင်း၍ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးစာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီးမကွေးခရိုင် နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီ ဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှ့င်တင်ရေးစာစီစာကုံး ပြိုင်ပွဲကိုယနေ့နံနက် ၉နာရီခွဲ အချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံ ဧက ၅၈၀ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီးသီးနှံ ၅၈၀ ဧကထိ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) Installation ပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) Installation ပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီကကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ မီးလောင်မှု ၊ မီးလန့်မှုများ မဖြစ်ပေါ် စေရေးအတွက် ပြည်သူများ လိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မင်းထက်ကြွယ်  စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင်  (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၁ရက်မှ ၃၀ရက်အထိ ကျင်းပမည်

မင်းလှမြို့နယ်တွင် (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ (၂၁)ရက်မှ (၃၀)ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သောဖူးစားပြောင်း ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ပြောင်းဖူးရေ ၁၄၃၀၅ နှုန်း ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ဖူးစားပြောင်းစိုက်ခင်းများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ပြောင်းဖူးရေ ၁၄၃၀၅ ဖူးနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး