ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campaign)မင်းတုန်းမြို့တွင် ပြုလုပ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာများကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းမှ ကြီးကြပ်၍ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်လမ်း၊ မြို့မအားကစားကွင်းရှေ့တွင် “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။