မကွေးတိုင်းဒေသကြီး

မင်းဘူး (စကု) မြို့နယ်မှ မန်းစက်တော်‌ရာဘုရားပွဲတော်သို့ အလည်တစ်ခေါက်

မြူနှင်းတို့ လုံးထွေးသတ်ပုတ်သည့်အကြား ရောင်စုံသစ်ရွက်တို့ ကြွေကျရလေ့ရှိသော နွေရာသီတွင် အညာမြေ မကွေးတိုင်းဒေသကြီးအနောက်ခြမ်း ရခိုင်ရိုးမ၏ အရှေ့ဖျားတောင်စွယ်အခြေ မန်းချောင်း ရစ်ခွေထားပြီး ပတ်ပတ်လည်တောင်တန်းများ ကာရံထားသည့် အညာအငွေ့အသက်နှင့် စမ်းရေစီးသံတို့ ညံစီကာ လူသားများစွာကို မြှူဆွယ်နေခြင်းနှင့် မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာနှစ်ဆူ တည်ရှိနေခြင်းက ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ဘုရားဖူးမြော်လိုမှုကို ပိုမိုဆွဲဆောင်နေသည်။ သစ္စဗန္ဓတောင်တော်ပေါ်တွင် တည်ရှိသော အထက်စက်တော်ရာနှင့် တောင်အခြေမန်းချောင်း ထိပ်တွင် တည်ရှိသော အောက်စက်တော်ရာတို့ကြောင့် မန်းရွှေစက်တော်ဟု ခေါ်တွင်လေ့ရှိကြသည်။

ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အခမဲ့ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ မဲဆန္ဒရှင်ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက တွင်းကုန်းရပ်ကွက် ဝင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်၌ စျေးကွက်အတွင်း အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ စျေးကွက်အတွင်း အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် (၉)နာရီက မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်အတွင်း တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော တံတားလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော တံတားလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မဲရုံဖွင့်လှစ်မည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန်းနီ ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းတွင် မိုးစပါး ၁၃၀ ဧကအတွက် ရေများဆက်လက်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကန်းနီဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ ၂၀၂၅-၂၀၂၆ မိုးသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံစုံ ၇၅၇ ဧက စိုက်ပျိုးအောင်မြင်ခဲ့သော်လည်း မိုးစပါး ဧက ၁၃၀ ဆက်လက် ရေပေးဝေထားရကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်၌ ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်း​လျှောက်ပွဲ ဒုတိယပတ်စည်ကားစွာ ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊ ​မကွေးခရိုင်၊ မြို့သစ်မြို့တွင် ​၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့ စုရပ်သက်မှတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ရေစကြိုမြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရေစကြိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်နေ့ညနေ ၃ နာအချိန်က ရေစကြိုမြို့၊ အ.ထ.က(၁)ကျောင်း၀န်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ၂၀၂၅ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက် ၅ နာရီက မကွေးမြို့၊ တိုင်းအားကစားကွင်း‌ရှေ့၌ ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး