အထက်မင်းလှ ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မဟာသင်္ကြန်အတက်နေ့တွင် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူများကို ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများက မုန့်လုံး၊ ရွှေရင်အေး၊ မုန့်ဟင်းခါးနှင့် အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးသည်။
ဆက်လက်၍ မဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေသဘင် ပွဲတော် ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ခိုက်ရန်မဖြစ်ပွားစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)