မကွေးတိုင်းဒေသကြီး

မင်းဘူးမြို့၌ လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ခြောက်သွေ့သောရာသီသို့ ကူးပြောင်းလာပြီဖြစ်၍ မီးခိုးမြူငွေ့များကြောင့် လေအရည်အသွေး ကျဆင်းမှုများ ဖြစ်ပေါ်လာသည့်အတွက် လေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးနှင့် ခရိုင်မီးသတ်ဦးစီးဌာနရုံးတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် သံပုရာကန် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်(၈)နာရီခွဲက သံပုရာကန်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

ကံမမြို့နယ်၌ ဆန်၊ ဆေးဝါးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌  စည်ပင်သာယာမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆန်ဆိုင်များ ကုန်စုံဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များတွင် ဆန်၊ ဆေးဝါးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ငဖဲမြို့နယ် ဆင်ချည်တိုင်(အ.လ.က-ခွဲ)တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့ ဥယျာဉ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့နေ့လယ် (၂)နာရီခွဲက ဥယျာဉ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းများ မီးဘေးလုံခြုံရေးနှင့် မီးဘေးန္တရာယ်ကင်းဝေးစေရေး စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး စိတ်အေးချမ်းသာစွာဖြေဆိုနိုင်နိုင်စေရန် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာသင်ကျောင်းများ၌ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့ အ.မ.က (၈၀) ရွှေသူဌေးကုန်းကျောင်း၌ စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည်မြှင့်တင်ရေးနှင့် စာဖတ်သည့်အလေ့အထများဖြစ်ပေါ်လာစေရေးရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို အ.မ.က(၈၀)ရွှေသူဌေးကုန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ် ရင်သွေးငယ်လေးများ၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ၏ ကျောင်းတွင်းညဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကို မူလတန်းကြိုကျောင်းတွင် ယမန်နေ့ နံနက် (၉) အချိန်က ကျင်းပခဲ့သည်။

မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (OCV)တုံ့ပြန် ကာကွယ်ဆေးတိုက် ကျွေးခြင်းလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (OCV)တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး