မကွေးတိုင်းဒေသကြီး

အောင်လံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများ၏ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မြို့သစ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေးအတွက် အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နိုင်ငံတော်အစိုးရအဖွဲ့၏ ရက် (၁၀၀) အတွင်း ( ၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ကြီးကြပ်၌ နိုင်ငံတော်အစိုးရအဖွဲ့၏ ရက် (၁၀၀) အတွင်း (၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ (၆၀၆၁) ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမြေပဲ (၆၀၆၁) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်တွင် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမများ၌ ကျင်းပသည်။

စလင်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်များ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ‌ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ ကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားများအား ပြန်လည်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ မ‌‌ကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်တွင် သဘာဝဘေးကြောင့်ပျက်စီးသွားသည့် လမ်း၊ တံတားများကို ပြန်လည်ဆောင်ရွက်ထားရှိမူ အခြေအနေများအား မေလ ၁၄ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲနှင့် နို့ပေါင်းစက်အခြေပြု မြစိမ်းရောင် (နို့စားနွား) ဒုတိယအကြိမ် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲနှင့် နို့ပေါင်းစက်အခြေပြုမြစိမ်းရောင် (နို့စားနွား) ဒုတိယအကြိမ် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က မြို့နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

နိုင်ငံတော်၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အခက်အခဲမရှိစေရန် ပြည်ထောင်စုအစိုးရအဖွဲ့ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဘဏ်ခွဲက ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

မင်းဘူး(စကု)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြေတိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အစိုးရသစ် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ကြာကန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to မကွေးတိုင်းဒေသကြီး