မကွေးတိုင်းဒေသကြီး

စေတုတ္တရာမြို့နယ်၌ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ “ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ​စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ “ရည်မှန်းချက်မှသည်အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ဖြင့် ယနေ့ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် လယ်ပြင်စုရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားကုန် စားသုံးဆီတစ်ပိဿာလျှင် (၇၆၀၀)ကျပ်ဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင်  မြို့နယ်ဆီကုန်သည်များအသင်းမှဦးဆောင်၍ အခြေခံစားကုန်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီက စည်ပင်သာယာဈေး၊ အနောက်ဘက်ရွှေတောင်ပေါ်ဆီအရောင်းဆိုင်တွင် ရောင်းချပေးခဲ့သည်။

ငဖဲမြို့နယ်၌ မိုးစပါးစိုက်ဧက ၁၀၃၇၃ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန် ၁၀၂၀၀ ဧက လျာထားခဲ့ရာ ယနေ့ထိ မိုးစပါးစိုက်ဧက ၁၀၃၇၃ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ၁၇၃ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စေတုတ္တရာမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်အသိပညာဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့မယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့၌ စာကြည့်တိုက်ပညာသင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စာကြည့်တိုက်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ရာ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနန္ဒ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာ ပြောဆိုတတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

အောင်လံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စပါးစိုက်ဧကလျာထားပြည့်မီရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများစပါးစိုက်ဧက လျာထားပြည့်မီရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဘွက်ကြီးဆည်ရေသောက်ကွင်းနှင့် ပဒဲဆည်ရေသောက် တောင်သူများနှင့် ရွာမထုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သည်။

မင်းလှမြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သမဝါယမဦးစီးဌာနနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) ဆောင်ရွက်လျက်ရှိသည့် သဖန်းချောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး