မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့သည်။

နတ်မောက်မြို့နယ်တွင် ခရမ်းသီးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးတောင်သူများသည်  မိုးသီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာ၊ ချည်မျှင်ရှည်ဝါနှင့်ပဲစင်းငံများကို အဓိကထားစိုက်ပျိုးသည့်အပြင်  မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ခရမ်းသီးပင်များကိုလည်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးလျက်ရှိ  

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကျောင်းသား/သူများ အနုပညာကိုစိတ်ပါဝင်စားမှုရှိစေရန်၊ ပန်းချီပညာကိုလေ့လာသင်ယူတတ်မြောက်စေရန်၊ စိတ်ကူးစိတ်သန်းနှင့်တီထွင်ဖန်တီးမှု၊ တွေးခေါ်မျှော်မြင်မှုရှင်သန်တိုးတက်လာစေရန်၊ နွေရာသီအားလပ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  လူထုအခြေပြုဗဟိုဌာနဘက်စုံသုံးခန်းမတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ 

ဂန့်ဂေါမြို့၌ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီထိ မြောက်ကုန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးရှေ့လမ်းမပေါ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးရှိ ပါမောက္ခ ဦးလှအောင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီက စိုက်ပျိုးသည့် မတ်ပဲသီးနှံစိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧက ၁၆ ဒသမ ၃၁ တင်းထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီကစိုက်ပျိုးခဲ့သည့် မတ်ပဲသီးနှံစိုက်ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းမှာ တစ်ဧက ၁၆ ဒသမ ၃၁ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်၌ အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသည့် ဝက်၊ အမဲ၊ ဆိတ်နှင့် အသားငါးများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးထက် ရောင်းချမှုမရှိစေရန် တာဝန်ရှိသူများက ယနေ့နံနက် (၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေး​ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၊ အသိပညာပေး နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ကြသည်။

ရေနံချောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်းဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်းဟောပြောပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသမှုစောင့်ရှောက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ရွာတော်ကျေးရွာ‌လေးထပ်ကြီးဘုန်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး