အထက်မင်းလှ မတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသမှုစောင့်ရှောက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ရွာတော်ကျေးရွာလေးထပ်ကြီးဘုန်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်နှင့် စာဖတ်ခြင်းဖြင့်ရရှိစေသော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုးတို့က ကျေးရွာနေပြည်သူ (၆၀)ဦးအား ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများအကြောင်း စသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)