မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ်တွင် ကုလားပဲများ စတင်ရိတ်သိမ်းလျက်ရှိရာ တစ်ဧကလျှင် ပျမ်းမျှ ၁၂ တင်းခန့် ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် ဆောင်းသီးနှံကုလားပဲများကို ကျေးရွာများတွင် ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ တစ်ဧကအထွက်နှုန်း ပျမ်းမျှ (၁၂) တင်းနှုန်းထွက်ရှိပြီး ပဲတစ်တင်းလျှင် ငွေကျပ် ရှစ်သောင်းနှုန်းဖြင့် ရောင်းချရ၍ ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့ စစ်ဆေးပေးခြင်းဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေး ကုသပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့်အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယမန်နေ့နံနက်(၉)နာရီခွဲက မင်းလှမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ပင်စင်ဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများဆောင်ရွက်

ပူးပြင်းခြောက်သွေ့သော နွေရာသီသို့ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မကွေးမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးပင်စင်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့ တစ်ဧက (၁၇) ဒသမ (၃၂) တင်း ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ကုလားပဲစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း သိရကာ တစ်ဧက ကုလားပဲ (၁၇) ဒသမ (၃၂) တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များသို့ အသိပေး နှိုဆော်ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ လုပ်ငန်းအောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/သူ (၁၂၉၁) ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/သူ (၁၂၉၁) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၁၈၆) ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇) ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ စာစစ်ဌာန (၃) ခုဖြင့်  ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၈၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းလှမြို့နယ် ရေနံမကျေးရွာနှင့်တောင်ဦးကျေးရွာ၌ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံတာ်မတည်ငွေနှင့် စေတနာရှင်အလှူရှင်များထည့်ဝင်ငွေဖြင့်ဆောက်လုပ်သည့် ရေနံမကျေးရွာပညာရောင်ခြည်စာကြည့်တိုက်နှင့် တောင်ဦးကျေးရွာ ပညာတံခွန်စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီက အဆိုပါစာကြည့်တိုက်တို့တွင် ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး