တောင်တွင်းကြီး မတ် ၅
၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/သူ (၁၂၉၁) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံအဝန်း စာစစ်ဌာန အသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပတော့မည်ဖြစ်ရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ဆတ်သွား) တို့တွင် စာစစ်ဌာန နှစ်ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသူ/သားများ စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကိစ္စများကို အထူးအလေးပေးကာ စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)