မကွေးတိုင်းဒေသကြီး

မကွေးမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဧရာဝတီမြစ်ဝအတွင်း ယမန်နေ့ နံနက်(၁၀)နာရီမှ စတင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ သဘာဝဘေးဒဏ်ခံအဆောက်အဦခန်းမ၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ သဘာဝဘေးဒဏ်ခံအဆောက်အဦခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်အတွက် ယမန်နေ့ နံနက် ၇ နာရီခွဲက မြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ်ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ ညနေ (၄) နာရီက ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ် ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဂန့်ဂေါမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က မြို့မရပ်ကွက်ရှိ အ-ထ-က (မြို့မ)ကျောင်းရှေ့နှင့် ဂန့်ဂေါ-အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူးတံတားထိပ်များသို့ သွားရောက်၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မင်းဘူးမြို့၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် မိုးဦးကာလနှင့် မိုးရာသီကာလများတွင် သဘာဝဘေးဒဏ်များကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယောတီးခတ်မှုမွမ်းမံ သင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယောတီးခတ်မှု မွမ်းမံသင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်ဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်း အုပ်ကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ဈေးဆိုင်ခန်းများပေါ် သစ်ပင်လဲကျမှုအား ခုတ်ထွင်ရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်တွင် မေလ ၃၁ ရက် နေ့လယ် ၁၂နာရီ၊မိနစ်၂၀အချိန်က မိုးရွာသွန်းမှုကြောင့် ပခုက္ကူမြို့၊အမှတ်(၁)ရပ်ကွက်၊သံဖြူတန်းလမ်းနံဘေးရှိ ဈေးဆိုင်ခန်းများပေါ် သစ်ပင်လဲကျမှုအား ယမန်နေ့မွန်းလွဲပိုင်းက ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကြသည်။

ပခုက္ကူမြို့၌ MSME လုပ်ငန်းအဖြစ် မြန်မာ့ရိုးရာသနပ်ခါးရေရှည်တည်တံ့ခိုင်မြဲရေး လက်လီလက်ကားစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ရွှေရည်ဝင်းရှင်မတောင်သနပ်ခါးပင်ရင်းပွဲရုံလုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ကုန်ချောပစ္စည်းများထုတ်လုပ်ကာ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထို့အပြင် မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်တမ်းဝင်နိုင်ရေး နိုင်ငံတော်အဆင့်တာဝန်ရှိသူများ၊ သနပ်ခါးလုပ်ငန်းရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး NGO အဖွဲ့အစည်းများ၊ သနပ်ခါးချစ်မြတ်နိုးသည့် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်နေမှုအား အထောက်အကူဖြစ်စေရေးနှင့် တန်ဖိုးထားမြတ်နိုးတတ်စေရေးရည်ရွယ်၍ မြန်မာ့ရိုးရာသနပ်ခါးကို လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က ရွှေရည်ဝင်းရှင်မတောင်သနပ်ခါးပင်ရင်းပွဲရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို  တင်ပြလိုက်ပါသည်-

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်ဦးတင့်လွင်  နွေရာသီတယောတီးခတ်မှု မွမ်းမံသင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတက်‌ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော  နွေရာသီအခြေခံတယောတီးခတ်မှု မွမ်းမံသင်တန်းဆင်းပွဲနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး