မင်းဘူး ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် မိုးဦးကာလနှင့် မိုးရာသီကာလများတွင် သဘာဝဘေးဒဏ်များကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မင်းဘူးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမြင့်ထွန်းဦးစီးသော ဝန်ထမ်းများသည် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော 33 KV ဓာတ်အားလိုင်းနှင့် ကျေးရွာများသို့ဖြန့်ဝေသော 11 KV ဓာတ်အားလိုင်းများတစ်လျှောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သော နေရာများတွင် ဓာတ်ကြိုးများအသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်တိုင်များ ကြံ့ခိုင်မှုရှိ/မရှိစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ဓာတ်တိုင်ပေါ်သို့ ရစ်ပတ်မှုမရှိအောင် ရှင်းလင်းခြင်းနှင့် ပြည်သူများအား လျှပ်စစ်အန္တရာယ် မဖြစ်ပွားရန် အသိပညာပေးခြင်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)