ပွင့်ဖြူမြို့နယ်၌ ဆောင်းရာသီက စိုက်ပျိုးသည့် မြေပဲစိုက်ခင်းများ ရာနှုန်းပြည့် နုတ်သိမ်းပြီးစီး တစ်ဧကလျှင် မြေပဲတောင့် (၅၄) ဒသမ (၅၃) တင်းခန့် ထွက်ရှိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် မြေပဲ (၃၀၈၆) ဧက ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် မြေပဲတောင့်တင်းရေ (၅၄) ဒသမ (၅၃) တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။