ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်ကုန်း ကျေးရွာချင်းဆက်လမ်း ယိုယွင်းပျက်စီးနေမှုအား အများပြည်သူအန္တရာယ်ကင်းစွာသွားလာနိုင်ရန် စုပေါင်းပြုပြင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများက မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ကာလတွင် ရှေးထုံးစဉ်လာများနှင့်အညီ ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ရေကစားခြင်း၊ တရားစခန်းများဝင်ရောက်ခြင်း၊ ကုသိုလ်ကောင်းမှုပြုကြခြင်းများဖြင့် အေးချမ်းစွာဆင်နွှဲလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တောင်သူဖွံ့ဖြိုးရေးအသင်းက လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းပျက်စီနေမှုအား အများပြည်သူအန္တရာယ်ကင်းစွာသွားလာနိုင်ရန် စုပေါင်းပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။