မင်းလှမြို့နယ်တွင် စိတ်ကျန်းမာရေးဆိုင်ရာများနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စိတ်ကျန်းမာရေးဆိုင်ရာများနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။