မကွေးတိုင်းဒေသကြီး

မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည် အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ဝန်ထမ်များအား ကိုဗစ်-၁၉ရောဂါကင်းဝေးစေရန် (Pfizer Vaccine)ကာကွယ်ဆေး (Booster Dose )များ စတင်ထိုးနှံပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များကို ယမန်နေ့နံနက်(၁၀)နာရီကစတင်ကာ ဆေးထိုးစုရပ်နေရာဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရူ့ကာ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် မြေစိုက်နံရံကပ်ပြဘုတ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်​မှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၁)အချိန်က ကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer JN 1) ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer JN 1) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

မ‌ကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌​ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကခွဲ(ဆားစည့်)ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Youth Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့မှဦးဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

၂၀၂၅ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁)ဦးအား အိမ်တိုင်ရာရောက်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁)ဦးအား အိမ်တိုင်ရာရောက်ကျန်းမာရေးစစ်ဆေးကုသဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈:)နာရီက ရုံးရပ်တောင်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

စလင်းမြို့နယ်အတွင်း မိုးစပါး(၄၇၇၁၅)ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း  ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး(၄၇၇၁၅)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံတောင်သူများ စပါးထုတ်လုပ်မှုတိုးတက်စေရေး တောင်သူလယ်သမားများအရည်အသွေးကောင်းမွန်သော မျိုးစပါးများကိုစိုက်ပျိုးလုပ်ဆောင်ခြင်းဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စီမံဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး