တောင်တွင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ

တောင်တွင်းကြီး  ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် မြေစိုက်နံရံကပ်ပြဘုတ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်​မှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၁)အချိန်က ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များ၌ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေးကို  အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှတိုက်ဖျက်​​ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဥ်ဖွယ်၊ ရှောင်လေဝေးဝေးမူးယစ်ဆေး၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များစသည့်အကြောင်းအရာများကို ရုပ်ပြစာစောင်များဖြင့်ပြသဆောင်ရွက်ထားရှိရာ ကျောင်းသား/ ကျောင်းသူကလေးသူငယ်များ ၊ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)